

Eternal Heroes ဟာ မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့ Anime Style Idle RPG Card Game အမျိုးအစားပါ။ အလန်းစား ဇာတ်လမ်းသွားဂိမ်းလို့ ဆိုထားတဲ့အတိုင်း ဇာတ်လမ်းသွားပုံစံ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူရဲကောင်းများစွာ စုဆောင်းပြီး ရတနာတွေရှာဖွေရင်း ရှေ့ဆက်ရမယ့် ဂိမ်းအမျိုးအစားဖြစ်ပါတယ်။
IDLE RPG ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် ဂိမ်းကစားသူအနေနဲ့ အချိန်နဲ့တပြေးညီပါဝင်လှုပ်ရှားစရာမလိုဘဲ ဇာတ်လမ်းရှေ့ဆက်နိုင်ဖို့ အကွက်ချစီစဉ်ပြီး အေးအေးဆေးဆေးထိုင်ကြည့်နေလို့ရတဲ့ ဂိမ်းအမျိုးအစားတခုအဖြစ် ရပ်တည်နေပါတယ်။ ရုပ်ရှင်ကြည့်နေရင်း၊ အခြားကိစ္စတခုခုလုပ်နေရင်းနဲ့လည်း တွဲဆော့လို့ရတဲ့ ဂိမ်းအမျိုးအစားအဖြစ်ထင်ရှားပါတယ်။
အရေးကြီးတဲ့ ဂိမ်းတွင်းပစ္စည်းများရှာဖွေမှု (farming) အတွက် လုံးဝစိတ်ပူစရာမလိုတဲ့ ဂိမ်းတမျိုးဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ဇာတ်လမ်းသွားကိုသာရှေ့ဆက်နိုင်ဖို့ အာရုံစိုက်ထားပါ။ တိုက်ပွဲအခန်းများစွာရှေ့ဆက်နိုင်လာတဲ့အမျှ ရတနာတွေကို အလိုအလျောက် စုဆောင်းပေးထားမှာဖြစ်ပြီး အချိန်တခု အရောက်မှာ များပြားလှတဲ့ ရတနာတွေကို တစုတစည်းတည်း သိမ်းကြုံးယူပြီး ကိုယ့်ရဲ့ သူရဲကောင်းတွေကို အဆင့်မြှင့် နိုင်မှာဖြစ်ပါတယ်။
Card game ဖြစ်တာနဲ့အညီ တိုက်ပွဲအတွက်လိုအပ်တဲ့ သူရဲကောင်းတွေကိုတော့ ဆင့်ခေါ်နည်းလမ်းကို အသုံးပြုရပါလိမ့်မယ်။ Gacha Drawing လို့ အသိများတဲ့ ကဒ်ဆွဲဆင့်ခေါ်တဲ့ နည်းလမ်းပါဝင်ပါတယ်။ တိုက်ပွဲအတွက် သူရဲကောင်းတွေကို ဆင့်ခေါ်စုဆောင်းပြီး အဆင့်မြှင့် (Level Up), ချပ်ဝတ်တန်ဆာများဆင်ယင် (equipment), စတားတိုးမြှင့် (evolve) ကာ အတော်ဆုံးကစားသမားအဖြစ် ရှေ့ဆက်သွားရမှာပါ။ မြန်မာနိုင်ငံထုတ် ဂိမ်းဖြစ်တဲ့အတွက်ကြောင့် မြန်မာသူရဲကောင်းတွေလည်းပါဝင်ထားပြီး မြန်မာနိုင်ငံသား ကစားသမားအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဆော့ကစားနိုင်ပါလိမ့်မယ်။
အင်တာနက်လိုင်းများကောင်းမွန်စွာလွှမ်းခြုံထားနိုင်တဲ့ မျက်မှောက်ခေတ်မှာ တစ်ဦးတစ်ယောက်တည်းကစားရာကနေ ယခုအခါ သူငယ်ချင်းမိတ်ဆွေများနဲ့ နိုင်ငံအနှံ့ချိတ်ဆက်ပြီး ကစားရတာဟာ မိုဘိုင်းလ်ဂိမ်းတွေရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုအဖြစ်မပါမဖြစ်ပါဘဲ။ Eternal Heroes မှာလည်း ကစားသူအချင်းချင်း ချိတ်ဆက်ဆော့ကစားနိုင်တဲ့လုပ်ဆောင်ချက် (PvP Mode) ပါဝင်ပါတယ်။ အကောင်းဆုံးသူရဲကောင်းတွေစုဆောင်းပြီး ကစားသမားအချင်းချင်းလက်ရည်စမ်းနိုင်မယ့် ယှဉ်ပြိုင်ကွင်း (Arena Mode), အစုအဖွဲ့အလိုက် ချိတ်ဆက်ကစားနိုင်မယ့် ဂိုဏ်း (Guild Mode) စတဲ့ Multi Player Mode တွေလည်း ထည့်သွင်းထားပြီး အရှိန်အဟုန်မြင့်တဲ့ ကစားပွဲများကို ဖန်တီးပေးနိုင်ဖို့ အစဉ်တစိုက် လုပ်ဆောင်လျက်ရှိပါတယ်။
မြန်မာ့ပထမဆုံး အလန်းစားဇာတ်လမ်းသွားဂိမ်းဖြစ်တဲ့ Eternal Heroes မှာ အထက်ကဖော်ပြထားတဲ့ အကြောင်းအရာတွေအပြင် အခြားကိုယ်တိုင်ဝင်ရောက်ခံစားနိုင်မယ့် ဂိမ်းတွင်းလုပ်ဆောင်ချက်များစွာ ပါဝင်နေသေးတာမို့ ဒီဂိမ်းကို စမ်းကစားကြည့်ဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ မတုံ့ဆိုင်းဘဲ download လုပ်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ android version အနေနဲ့ပဲ ရရှိနေမှာဖြစ်ပြီး Google Play Store မှာတိုက်ရိုက်ဒေါင်းလုဒ်ရယူနိုင်သလို Play Store မရတဲ့ ဖုန်းတွေမှာလည်း Direct Link ကို အသုံးပြုပြီး ဂိမ်းကိုရယူနိုင်ပါတယ်။
Google Play – https://play.google.com/store/apps/details?id=com.microplaymm.wycardgame1
Direct Download Link – https://share.eternalheroesmm.com/