fbpx
image

လေဓာတ် Tank သူရဲကောင်းအသစ် MoeAni

01
လေဓာတ် Tank သူရဲကောင်းအသစ် MoeAni

ကပ္ပတိန်ကြီးများ စောင့်မျှော်နေကြတဲ့ လေဓာတ် Tank သူရဲကောင်းအသစ် ကို မိတ်ဆက်ပေးလိုက်ပါပြီ။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ပါဝင်လာခဲ့တာဖြစ်ပြီး ပထမဆုံး လေဓာတ် Tank Hero လည်း ဖြစ်ပါတယ်။

ရာဇဝင်

မိစ္ဆာများသည် တောတွင်းရွာငယ်လေးများကိုတိုက်ခိုက်ခဲ့ပြီးနောက် MoeAni ၏ မျိုးနွယ်စုဝင်များဌာနေပျောက်ခဲ့ကြသည်။ အများစုမှာ မိစ္ဆာများလက်ချက်ကြောင့် သေဆုံးခဲ့ကြပြီး MoeAni သည် မိဘများ၏ ကာကွယ်ပေးမှုကြောင့် ကံကောင်းစွာဖြင့် တောအုပ်အတွင်းသို့ရောက်ရှိလာခဲ့သည်။ ထိုနေရာမှာ ရှေးဟောင်းသစ်ပင်ကြီးများပေါက်ရောက်နေသည့် သစ်ပင်လူသားတို့နေထိုင်ရာဖြစ်သည်။ ရွာသူကြီးသည် ဒုက္ခကြုံလာသည့် MoeAni ကို ကြီးပြင်းသည်အထိ တာဝန်ယူ၍ပျိုးထောင်ပေးရန်ဆုံးဖြတ်ခဲ့သည်။

သစ်ပင်လူသားများ၏ ပျိုးထောင်မှုဖြင့် MoeAni သည် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များနှင့် ဆက်သွယ်နိုင်ခဲ့ပြီး တိုက်ခိုက်မှုများ စေခိုင်းနိုင်လာသည်။ ရှင်သန်ရာဌာနဖြစ်သော ဤသစ်တောအတွင်းမှ ကျေးငှက်တေးသံများ၊ တရွေ့ရွေ့စီးဆင်းနေသော စမ်းချောင်းကလေးများ၊ သစ်ပင်ပန်းမန်များနှင့် သူမကို ကျွေးမွေးစောင့်ရှောက်ထားသော သစ်ပင်လူသားများအား သက်ဆုံးတိုင်ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း သစ္စာတည်ခဲ့သည်။ သူမသည် တောနက်ကြီးအတွင်းမှ သက်တမ်းအရှည်ကြာဆုံးဖြစ်သော သစ်ပင်ကြီးကိုအနိုင်ရကာ ထာဝရဒိုင်းကာအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး သူမ၏လက်တွင်အမြဲတမ်းကိုင်ဆောင်ထားတော့သည်။

စကေး

Skill 1:  လေဟုန်ခန္ဓာ (Active Skill)

မိမိကိုယ်ပေါ်ရှိ negative အစွမ်းအားလုံးကို ပယ်ဖျက်နိုင်ပြီး HP အများဆုံး 20% အထိပြန်ပြည့်နိုင်သည်။ ပိုနေသော ကုသရေးအစွမ်းများသည် [ကုသရေးဒိုင်းကာ] အဖြစ်ပြောင်းလဲသွားမည်။ ထို့အပြင် [ဆက်တိုက်ပြန်ကောင်း] အစွမ်းကို ၂ကြိမ်ဆက်တိုက်သုံးနိုင်မည်။

Cooldown: ၂လှည့်။ ၁လှည့်မြောက်တွင်စတင်မည်။

ကုသရေးဒိုင်းကာ (Buff)

ကုသရေးဒိုင်းမှ စုပ်ယူနိုင်သောပမာဏသည် မှော်ပါဝါသုံးသူ၏ ကုသရေးအစွမ်းအပိုထွက်ပေါ်လာသော ပမာဏဖြစ်သည်။ ၂ကြိမ်ဆက်သုံးနိုင်မည်။

ဆက်တိုက်ပြန်ကောင်း (Buff)

ဤအခြေအနေအောက်ရှိ ပစ်မှတ်သည်အကြိမ်တိုင်းတွင် [မှော်ပါဝါသုံးသူ HP အများဆုံး၏ 15%] နှင့် ညီမျှသော HP ကို ပြန်လည်ပြည့်လာနိုင်မည်။ ၂ကြိမ်ဆက်သုံးနိုင်မည်။

Skill 2: ကာကွယ်ရေးနတ်မင်း (Passive Skill)

HP 40% ပြည့်လာနိုင်ပြီး Atk Power 20% တိုးကာ ဒဏ်ရာကင်းခြင်း 20% ရှိမည်။ မိမိ HP 3% ကျတိုင်း ဒဏ်ရာကင်းခြင်း 1% တက်လာမည်။

Cooldown: မရှိပါ။

Skill 3: လေဟုန်ပြစ်ဒဏ် (Active Skill)

ရန်သူဘက်ရှေ့တန်းမှပစ်မှတ်ကို မိမိ HP အများဆုံး၏ 20% နှင့်ညီမျှသော Actual Damage ကိုဖြစ်စေမည် (ဒဏ်ရာကင်းခြင်းနှင့် Defense ကိုမျက်ကွယ်ပြုနိုင်မည်။ [လေဓား] အစွမ်းပေါင်းနိုင်ခြေ 70% ရှိပြီး ၂ကြိမ်ဆက်သုံးနိုင်မည်။ ရှေ့တန်းမှ တစ်ယောက်ကို [လေဟုန်ပြစ်ဒဏ်] အစွမ်း ၁ကြိမ်သုံးနိုင်မည်ဖြစ်ပြီး ထိုအစွမ်းသည် ပေါက်ကွဲဒဏ်ရာရခြင်းကို မဖြစ်စေဘဲ Damage ‌ပေါင်းခြင်း၏ သက်ရောက်မှုလည်း မရှိနိုင်ပါ။

Cooldown: ၄လှည့်။ ၂လှည့်မြောက်တွင်စတင်မည်။

လေဓား (Debuff)

ဤအခြေအနေတွင်ရှိသူသည် အကြိမ်တိုင်းအတွက် [မှော်ပါဝါသုံး၍တိုက်ခိုက်မှု၏ 20%] damage ခံရမည်ဖြစ်ပြီး ၂ကြိမ်ဖြစ်မည်။ အများဆုံး ၅ဆင့်အထိ တိုးနိုင်မည်။

လေဟုန်ပြစ်ဒဏ် (Debuff)

 ဤအခြေအနေအောက်ရှိပစ်မှတ်သည် Atk ဖြင့်တိုက်ခိုက်ရာတွင် Damage 50% ကိုသာ ဖြစ်ပေါ်စေမည်။

Skill 4: လေဟုန်ကာကွယ် (Passive Skill)

အလှည့်စတိုင်းတွင် မိမိဘက် နောက်တန်း မှ HP အနည်းဆုံး သူရဲကောင်း ၂ဦးကို ရွေးချယ်နိုင်ပြီး HP 50% ထက်နည်းနေပါက [ဝဿုံအကာအကွယ်] အစွမ်း ၁ခုကိုပေါင်းထည့်ပေးမည်။ 20% ဒဏ်ရာကင်းခြင်းလည်းတိုးလာစေနိုင်ကာ ၁လှည့်ဖြစ်ပေါ်မည်။

Cooldown: မရှိပါ။

ဝဿုံအကာအကွယ် (Buff)

ဤအခြေအနေအောက်ရှိပစ်မှတ်သည် အကာအကွယ်လက်ခံရရှိပြီး၊ မိမိပေါ်ကျရောက်လာသော Damage အားလုံးကို အကာအကွယ်ပေးသူမှ အစားခံပေးနိုင်မည်။ မှော်ပါဝါ Damage ဖြစ်ပါက 75% ကိုသာ ကာကွယ်ပေးနိုင်မည်။ သတ်ဖြတ်ခြင်း နှင့် အခြား ထူးခြားသော Damage များကို မကာကွယ်ပေးနိုင်ပါ။

ဒဏ်ရာကင်းတိုးတက် (Buff)

ဤအခြေအနေအောက်ရှိပစ်မှတ်သည် ဒဏ်ရာကင်းခြင်း 20% တိုးတက်လာမည်။ ၁လှည့်သာဖြစ်မည်။  

အသစ်ထွက် MoeAni ၏ video

Hero ရယူနိုင်မှု

အသစ်ထွက်ရှိလာသည့် သူရဲကောင်းများကို စတင်ပါဝင်လာသည့်နေ့မှ တစ်ပတ်အတွင်း Happy Log-in Activity တွင် အခမဲ့တစ်ကြိမ်ရယူနိုင်မည်။

ထို့နောက် Turn Table Activity တွင် သတ်မှတ်ကာလအတွင်း လှည့်ဘီးလှည့်၍ ကျပန်းရယူနိုင်မည်ဖြစ်သည်။